ရခိုင်ပြည် ပြားတောက နွီးထွီးစွာ ကြိုဆိုပါရေ

ပြားတောမဟိန့်ကေ အသက်မရှင်နိုင်ဆိုရေ ဆောင်ပုဒ်ကို စွဲကိုင်ပနာ ရခိုင်ပြည်ဟိန့် ပြားတောတိကို ထိန်းသိမ်းလားကတ်ပါမေ။

Friday, October 8, 2010

ငါးမွီးမြူရီးနန့် ငရို့ပတ်ဝန်းကျင်

ရခိုင်ပြည်၏ အဓိကစီးပွားရီးစွာ လယ်ယာလုပ်ငန်းနန့် ရီလုပ်ငန်းဖြစ်ပါရေ။ သဘာဝအလျှောက်အဖြစ်တည်ဟိနိန်ရေ ရခိုင်ရိုးမ တောင်တန်းကြီးနန့် ဘင်္ဂလားပင်လယ်အော်ကြားက ကမ်းရိုးတန်းရခိုင်ဒေသစွာ သားငါး၊ စပါး၊ဆန်ရီ ပေါကြွယ်ဝရေ ဒေသတခု ဖြစ်ပါရေ။ ယေဒါလေ့သော တခါတရီမာ ငတ်မွတ်ခေါင်းပါးမှုနန့် သဘာဝ ဘေးအန္တရာယ်မျိုးမျိုးတိကို ကြုံတွိကတ်ရရေ။ လယ်ယာ လုပ်ငန်း တိုးတက်ဖို့၊ ရီလုပ်ငန်း တိုးတက်ဖို့အတွက် အရင်းအနှီးနန့် နည်းပိုင်ညာ တိလိုအပ်လာဘာရေ။ ယင်းချင်းတိအပါအ၀င် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး နည်းလမ်းတိလည်း လိုအပ်လာပါရေ။


ရီလုပ်ငန်းမာ ငါးဖမ်းလုပ်ငန်း၊ ငါးပဇွန်မွီးမြူရီးလုပ်ငန်းတိ တိုးတက်လုပ်ဆောင်ဖို့ တာစူးလာကတ်တေ။ ငါးပဇွန်မွီးမြူရီး လုပ်ငန်းတိကို လုပ်ကိုင်ဆောင်ရွက်လာကေ သတိထားရဖို့ အကြောင်းအရာတိ ပေါ်လာနိုင်ပါ။ ယင်းငါး၊ပဇွန်မွီးမြူရီးလုပ်ငန်းစွာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်နိုင်ရေဆိုစွာကို နားလည်ဖို့လိုလာပါရေ။ ရခိုင်ပြည်မာ ပဇွန်ကို သဘာဝအလျောက်မွီးမြူရီးစနစ်က အများဆုံးပါ။ ယင်းသဘာဝ ပဇွန်မွီးမြူရီးစနစ်ကြောင့် ရခိုင်ကမ်းရိုးတမ်းဒေသတိမာ ဟိန့်နီရေ ပြားတောတိ ကုန်းခမ်းလားခရေဆိုစွာ သတိထားကတ်ရပါဖို့။ ရခိုင်ပြည် သစ်တောဌာနနန့် ဆည်မြောင်းဦးစီးဌာနရို့က ပြားတောတိ ပြုန်းလားခယာလို့ ပြောစွာကို လက်မခံကတ်ပါ။ ပြားတောတိ ကုန်းခမ်းလားရေ၊ လျော့နည်းလားရေရာပြောရေ။ အမှန်က ပြုန်းတီးလားခစွာပါယာ။ မဆင်မခြင် ပြားတောတိကို ခွတ်ပနာ ပဇွန်မွီးပလိုက်ကတ်လို့ဖြစ်ရစွာလို့ မှတ်လိုက်ဖို့ဗျာယ်။ အယင်တလိုင်းက ကျောက်တော်မြို့နယ်မာ ရီချို ငါးမွီးမြူရီးလုပ်ငန်းကို လုပ်ကိုင်ရွက်လာကတ်တေလို့ နရိဉ္စာရာ သတင်းမာ ဖတ်လိုက်မိရေ။ ဇာပဲဖြစ်ဖြစ် စီးပွားရီးအရ စိုင်းစားကေ ကောင်းရေလက္ခဏာပါ။ ဒေမွီးမြူရီးကြောင်း ဖြစ်ပေါ်လာနိုင်ရေ ဘေးထွက်ဆိုးကျိုးတိကို ကာကွယ်နိုင်ကေ သဘာဝပတ်ဝန်း ကျင်အတွက် အကျိုးဟိပါရေ။ မွီးမြူရီးကန်တိက ထွက်ပေါ်လာရေ ရီဆိုးရီညစ်တိကို သန့်စင်နိုင်ဖို့လိုအပ်တေပိုင်။ ငဇာကြောင့် ရီညစ်ပတ်တေဆိုစွာ လက်ခံဖို့လိုရေ။ ကျွေးလိုက်တေငါးဇာ တိကို ငါးတိစွာ အားလုံးမစားနိုင်ပါ။ ကျန်ခရေ ငဇာတိကြောင့် ကန်မာဟိရေရီစွာ ညစ်ညမ်းလာပါရေ။ အဓိက ငဇာမာ ဓါတုဗေဒ ပစ္စည်းတိပါကေ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါရေ။ ယင်းကြောင့် ငါးကန်က ထုတ်ပလိုက်တေ ညစ်ညမ်းရီတိကို သန့်စင်ဖို့လိုပါရေ။ ငါးတိ ရောဂါမဖြစ်ရအောင်၊ ငါးတိ ရိနာမဖြစ်ရအောင် ကာကွယ်ဖို့လဲ လိုအပ်ပါရေ။ ငါးတိ ရိနာဖြစ်ကေ ကြက်ရိနာဖြစ်စွာပိုင်ယာ ကူးစက်စွာ ကကောင်းယင်ပါရေ။ ငါးကန်တကန်မာ ငါးတိ ရိနာဖြစ်လာဗျာယ်ဆိုကေ တခြားငါးကန်တိနန့် မြစ်၊ချောင်းတိကို ယင်းရောဂါတိ တချက်ချေနန့်ပြန့်လားနိုင်ပါရေ။ ယင်းကြောင်းဒေနီရာမာ ရောဂါဖြစ်ပေါ်လာယာဆိုကေ ကာကွယ်ဖို့ နည်းပိုင်ညာတိ လိုအပ်လာပါရေ။ ဒေပိုင်နည်းပိုင်ညာတိနန့် မွီးမြူကေ စီးပွားရီးအရ ကောင်းရေပိုင်။ တဖက်ကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်လာနိုင်ပါရေ။ သဘာဝပတ်ကျင်ထိခိုက်လာဗျာယ်ဆိုကေ ငရို့နီထိုင်ရေလူ့ပတ်ဝန်းကျင်နန့် သက်ဟိ ပတ်ဝန်းကျင်တိကိုလည်း ထိခိုက်လာနိုင်ပါရေ။


ရခိုင်ပြည် သဘာဝသစ်တောတိ ပြုန်းတီးလာရစွာရေ မဆင်မခြင် ပြားတောတိကို ခွတ်ပနာ ပဇွန်မွီးမြူးခြင်း၊ ထင်းထုတ်လုပ်မှုနန့် လယ်ယာမြီ ဖော်ထုတ်မှုတိကြောင်း ဖြစ်ပါရေ။ မြစ်ချောင်းအင်းအိုင်တိ မထိခိုက်လားအောင် ငါးမွီးမြူစွာတိကိုလဲ ဆင်ဆင်ခြင်ခြင် မွီးမြူကတ်ဖို့ တိုက်တွန်းပါရေ။ ပဇွန်မွီးမြူရီးကြောင့်ဖြစ်ဖြစ်၊ ငါးမွီးမြူရီးကြောင့်ဖြစ်ဖြစ် ကျရောက်လာဖို့ ဘေးအန္တရာယ်တိစွာ ရခိုင်ပြည်သူ၊သားရို့ ခေါင်းထက်မာ ကျရောက်လာဖို့ဆိုစွာ သတိထားယင်း လုပ်ဆောင်ကတ်ပါ။ ဘေးအန္တရာယ်စွာ လူသားတိအပေါ်တွင်သာမက ဂေဟနစ်ကြောင့် သက်ဟိသတ္တ၀ါရို့အပေါ်မာပါ ကျရောက်နိုင်ပါရေ။


Pataglo(10/7/2010)