ရခိုင်ပြည် ပြားတောက နွီးထွီးစွာ ကြိုဆိုပါရေ

ပြားတောမဟိန့်ကေ အသက်မရှင်နိုင်ဆိုရေ ဆောင်ပုဒ်ကို စွဲကိုင်ပနာ ရခိုင်ပြည်ဟိန့် ပြားတောတိကို ထိန်းသိမ်းလားကတ်ပါမေ။

Saturday, January 30, 2010

ပြားတောက ရဟြိသော အကျိုးကျေးဇူးတိ

ပြားတောနန့်သတ်သက်လို့ ဗဟုသုတတိကို မျှဝီခြင်းဖြစ်ပါရေ။ ပြားတောနန့်ပတ်သက်လို့ အကျွန်ထက် သိတတ်နားလည်လူတိအများကြီး ဟိန့်လီဖို့ဆိုစွာ အကျွန်ယုံကြည်ပါရေ။ အမှားပါကေ စေတနာနန့် ထောက်ပြပီးကတ်ပါလို့ မိတ္တာရပ်ခံပါရေ။

ပြားတောနန့်ပတ်သက်လို့
တိုင်းတာလို့ရရေ အကျိုးကျေးဇူးတိနန့် တိုင်းတာလို့မရရေအကျိုးကျေးဇူးတိ ဆိုပနာ နှစ်မျိုးခွဲခြားလို့ရပါရေ။
တိုင်းတာလို့ရရေ အကျိုးကျေးဇူးတိ
(၁) သစ်တောထွက်ပစ္စည်း (သစ်၊ တိုင်၊ မျော၊ မီးသွီး၊ ထင်း)
(၂) သစ်တောထွက်ပစ္စည်း အသေးအဖွဲချေတိ (အုန်း၊ကြိမ်၊ဖျာ၊ မြက်ဘယဆီး၊ပျားရည်၊ ဆိုးဆီ)
(၃) ပြားတော သစ်မျိုးတချို့ရို့ အရွက်တိကို ကျွဲ၊နွား အစာအဖြစ် ကျွေးမွေးနိုင်ပါရေ။

တိုင်းတာလို့မရရေ အကျိုးကျေးဇူးတိ
(၁) ပင်လယ်လှိုင်းဒါဏ်ကာကွယ်ခြင်း၊
(၂) လီပြင်းမုန်တိုင်း၊ ဆိုင်ကလုန်း၊ ရာဟုလီ စရေ ဒါဏ် ကာကွယ်ခြင်း၊ (ပြားတောတိ ဟိန့်ခြင်းဖြင့် လီပြင်းမုန်တိုင်း ဒါဏ် ကို သက်သာစီပါရေ)
(၃) ပြားတောတိအတွင်း ကျုပ်နစ်(နှုံး)တိပို့ချခြင်းဖြင့် မြစ်၊ချောင်းတိအတွင်း သဲသောင်ပြင် ဖြစ်ထွန်းမှု ကို လျော့နည်းစီခြင်း။
(၄) မြစ်ကြောင်းနန့် ပင်လယ်ကမ်းခြေတည်ငြိမ်မှုကို ဖြစ်ပေါ်စီခြင်း။
(၅) ပြားတော သစ်ပင်တိ အရွက်၊အမြစ်၊ သစ်ကိုင်း၊ အခေါက်ဆွီးအပိုင်းအစတိရေ ငါး၊ပဇွန် အစဟိရေ ရီနီ သတ္တ၀ါတိအတွက် ပေါင်းပွားရာ၊ နားခိုရာနန့် အဓိက အစာအဟာရအဖြစ်ထောက်ပံ့ပီးရေ နီရာဖြစ်ခြင်း ( ပြားတော တဧက က တနှစ်မာ ငါး၊ ပဇွန်တိအတွက် အစာအဖြစ် မက်ထရစ် (၈)တန်ခန့် ပြောင်းလဲကြောင်း သိဟိန့်ရပါရေ။
(၆) ကမ်းပါးပြိုတိုက်စားခြင်းကို ကာကွယ်ခြင်း။
(၇) ဆောင်းခိုငှက်တိအပါအ၀င် တောရိုင်းတိရိစ္ဆာန်တိ ကျက်စားရာ ဒေသဖြစ်ခြင်း။
(၈) ပြားတော သဘာဝဂေဟ (Mangrove Ecosystem) ဆိုင်ရာ ပိုင်ညာရပ်များကို လေ့လာခြင်းနန့် သုတေသနပြုလုပ်ခြင်း။
(၉) အပန်းဖြေခြင်းနန့် သဘာဝအခြေခံ ခရီးလားလုပ်ငန်းတိ ဆောင်ရွက်နိုင်ခြင်း တိ ဖြစ်ပါရေ။

Pataglo (1/28/2010)

No comments:

Post a Comment