ရခိုင်ပြည် ပြားတောက နွီးထွီးစွာ ကြိုဆိုပါရေ

ပြားတောမဟိန့်ကေ အသက်မရှင်နိုင်ဆိုရေ ဆောင်ပုဒ်ကို စွဲကိုင်ပနာ ရခိုင်ပြည်ဟိန့် ပြားတောတိကို ထိန်းသိမ်းလားကတ်ပါမေ။

Thursday, February 4, 2010

ပြားတော သစ်မျိုးတိ အသီးမှည့်ချိန် သင့်တော်ရေ စိုက်ပျိုးနည်းစနစ်နန့် စိုက်ပျိုးရန်နီရာတိ

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစိုင် ကထုတ်ဝေရေ "စားနပ်ရိက္ခာဖူလုံဖို့ ဒီရေတောများ ထိန်းကြစို့" ဆိုရေ စာအုပ် က ကောက်နုတ်ဖော်ပြလိုက်ပါရေ။ ကြိုတင်ခွင့်ပြုချက် မတောင်းခဘဲနန့် ဖော်ပြလိုက်ရရေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုး မှုအစီအစိုင်ကို အနုအညွတ်တောင်းပန်အပ်ပါရေ။

ရခိုင်ပြည်ဟိန့် ပြားတောတိ ပြုန်းတီးလားခရေနီရာတိမာ လက်တွိကျကျ စိုက်ပျိုးဖို့အတွက် မျှဝီပီးလိုက်ပါရေ။

နံပါတ်စိုင်၊ သစ်မျိုးနာမေ၊ အသီးမှည့်ချိန်၊ စိုက်ပျိုးနည်းစနစ်၊ သင့်တော်ရေနီရာတိ၊
၁။ ဗြူးခြေထောက် (ဖို) မတ် မှ မေ သစ်စိတိုက်ရိုက် နိမ့်
၂။ ဗြူးခြေထောက်(မ) မတ် မှ မေ တိုက်ရိုက် နိမ့်
၃။ ဗြူးအုပ်ဆောင်း တနှစ်လုံး တိုက်ရိုက် နိမ့်၊ လတ်
၎။ ၀ါးကြိတ်လိမ် ဇူလိုင်-သြဂက်စ် တိုက်ရိုက် နိမ့်၊ လတ်
၅။ နှံဗြူး ဇွန်- ဇူလိုင် တိုက်ရိုက် နိမ့်၊ လတ်
၆။ ဗြူးကြက်တက် (ခ)
ဗြူးရွှေဝါ မတ်- ဧပြီ တိုက်ရိုက် နိမ့်၊ လတ်
၇။ မဒမ ဇွန်-ဇူလိုင် တိုက်ရိုက် လတ်
၈။ မဒမမျော (ခ)
ပင်လယ်ရှား မတ်-ဧပြီ တိုက်ရိုက် လတ်
၉။ ဗြူးဗိုင့်တောင့် မတ်-မေ တိုက်ရိုက် နိမ့်
၁၀။ သမဲ့ကြီး သြဂက်စ်-စက်တင်ဘာ တိုက်ရိုက်၊ ပျိုးအိတ် နိမ့်၊လတ်၊မြင့်
၁၁။ သမဲ့ကြက်တက် သြဂက်စ်-စက်တင်ဘာ တိုက်ရိုက်၊ ပျိုးအိတ် နိမ့်၊ လတ်
၁၂။ သမဲ့ဖြူ သြဂက်စ်-စက်တင်ဘာ တိုက်ရိုက်၊ ပျိုးအိတ် နိမ့်၊ လတ်
၁၃။ လမု ဇူလိုင်- သြဂက်စ် ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၄။ လဘ မတ်-ဧပြီ ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၅။ လမုတသတ် ဇူလိုင်-သြဂက်စ် ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၆။ ကန့်ပလာ ဇူလိုင်-သြဂက်စ် ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၇။ ကနစို ဇူလိုင်-သြဂက်စ် တိုက်ရိုက်၊ပျိုးအိတ်၊ကိုင်း လတ်၊ မြင့်
၁၈။ ကုန်းကနစို ဖေဖေါ်ဝါရီ-မတ် ပျိုးထောင်မြေလုံးမဲ့၊ပျိုးအိတ်၊ကိုင်း လတ်၊ မြင့်
၁၉။ သရော စက်တင်ဘာ ပျိုးထောင်မြေလုံးမဲ့၊ပျိုးအိတ်၊ကိုင်း လတ်၊ မြင့်
၂၀။ မြင်းက မတ်-ဧပြီ ပျိုးအိတ် လတ်၊မြင့်

မှတ်ချက်၊ ရခိုင်ဒေသ သစ်အခေါ်အဝေါ်တိ တချို့ ကွာနီပါရေ။

Pataglo(2/4/2010)


No comments:

Post a Comment