ရခိုင်ပြည် ပြားတောက နွီးထွီးစွာ ကြိုဆိုပါရေ

ပြားတောမဟိန့်ကေ အသက်မရှင်နိုင်ဆိုရေ ဆောင်ပုဒ်ကို စွဲကိုင်ပနာ ရခိုင်ပြည်ဟိန့် ပြားတောတိကို ထိန်းသိမ်းလားကတ်ပါမေ။

Thursday, February 11, 2010

ကျောက်ဖြူမြို့သို့ခရီးတခေါက်

စစ်တွေမြို့က အောင်တံခွန်သင်္ဘောနန့် မိုးထသား(၆)နာရီကျော်ကထွက်လာစွာ မြေပုံကို နိန့်ခြင်းဖက်မှ ရောက်တေ။ မြေပုံမြို့ သင်္ဘောဆိပ်တွင် ဖောင်တော်ကို ပြုပြင်နီကတုန်းဖြစ်တေ။ ဆိုင်ကလုန်း တိုက်လားလို့ ပျက်စီးလားစွာဘာလတ်။ မြေပုံမြို့ကမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုင်းဘုတ်တင်ဖို့အတွက် အုတ်နန့် ပြုလုပ်နီ တုန်းဖြစ်တေ။ မြေပုံမြို့ သင်္ဘောဆိပ်မာ အပင်တိမဟိန့်ရေအတွက်နန့် အရိပ်ခိုလုံဖို့နီရာလဲသော့မဟိန့်။ ပူ လည်းပူပြင်းသည်။ ခရီးကလဲသော့ ကျောက်ဖြူကို ဆက်လားရဖို့သိမ်း။ သင်္ဘောက မြေပုံမာ ညမအိပ်တေအ တွက်နန့် သင်္ဘောဆိပ်ကနီပနာ အ၀ီးအနှံကိုလားလို့လဲမဖြစ်။ ယေနန့်ဇု သင်္ဘောဆိပ်ကနီပနာ ဟိုကြည့်ဒေ ကြည့်နီစွာမာ သတိတခုထားမိရေ။ မြေပုံမြို့ အရှိဖက်မာ တောင်ညိုတောင်တန်းက စိန်းလမ်းစိုပြေလျက်ဟိန့် ရေ။ မြို့ကမ်းနားတလျေက်မာ ပြားတောအပင်တိ တပင်ချေကိုတောင်မတွိရ၊ မမြင်ရစွာကို သတိထားမိရေ။ ဗိုက် ပြင်(ကျုပ်ပြင်)တိကိုရာ တွိရဘာရေ။ ကမ်းနားတလျောက်မာ သင်္ဘောကပ်ရန် ဖောင်တော်(ပြုပြင်နီ)တခုနန့် အဓိက ဘုတ်ဆိပ်နှစ်ခုဟိန့်ဘာရေ။ ဘုတ်ဆိပ်ကို ဆင်းဆင်း၊ တက်တက် ဖောင်တော်ခ ကောက်ဘာရေလတ်။ တယောက်ကို အတက်(၅၀)ကျပ်၊ အဆင်း(၅၀)ကျပ်ပီးရဘာရေလတ်။ ယင်းဘုတ်ဆိပ်တိမာ အရက်ဆိုင်တိ၊ ပဇွန်းဒိုင်တိက နီရာယူပနာ စည်ကားနီစွာကိုမြင်ရဘာရေ။ မြစ်ထဲမာလဲသော့ ရီတပ်က သင်္ဘောတစီးက လာသ မျှ ဘုတ်တိ၊ သမ်ဗန်တိကို တန့်ခိုင်းပနာ ဖဲသာကောက်နီရေ။ ယင်းသင်္ဘောရေ အချက်အချာကျရေ လောင်း ဒရိတ်ရွာ အထက်ပိုင်းနန့် မြေပုံမြို့အောက်ပိုင်း(မြေပုံနန့်လောင်းဒရိတ်ဂြား)မာ စခန်းချထားရေ နီရာက လာပ နာ ဖဲသာတောင်းစားနီစွာဘာလတ်။

မြေပုံမြို့က အောင်တံခွန်သင်္ဘောနန့် ကျောက်ဖြူမြို့ကို စီးလာဘာရေ။ အချိန်က နိန့်ခင်းဖက်ဖြစ်လို့ ကကောင်းပူဘာရေ။ သင်္ဘောလားရေ လမ်းကြောင်းတလျောက်မာ ပြားတောတိကိုတွိရဘာရေ။ မြစ်ကမ်းနား တလျောက်မာယာ ပြားတောတိကို မြင်ရဗြီးကေ အတွင်းပိုင်းကျကေ ပဇွန်တာတိ၊ လယ်ပြင်တိကို မြင်ရဘာရေ။ တချို့နီရာတိမာ ပိုက်သေတိ ငါးရှာနီစွာကိုလဲသော့ တွိရဘာရေ။ ညဇာသားနီဝင်လို့ မိုးချုပ်စွာနန့် နောင် တော်ကြီး၊ နောင်တော်ချေမြစ်ကို ရောက်ဘာရေ။ နောင်တော်မြစ်ကို သင်္ဘောက ညိန့်ခါသားဖြတ်ဘာရေ။ လှိုင်း စကေချေထလို့ တချက်တချက် သင်္ဘောကို ဘယ်လှိမ့်၊ညာလှိမ့်ဖြစ်ဘာရေ။ သင်္ဘောထက်က ကြည့်လိုက်ကေ အာကာတခွင်လုံး ကြယ်တိက လွှမ်းမိုးနီရာယူထားကတ်တေ။ ယေကေလဲသော့ သတင်းကျွတ်လ ဆန်းစရက် ဖြစ်တေအတွက်ကြောင့် မျက်ခုံးသဏ္ဌာန်ဟိန့်ရေ စန္ခာချေက ပင်လယ်ထဲကို ၀င်လားဖို့ အချိန်ယူနီဘာရေ။

ညဆယ်နာရီကျော်လောက်မာ ကျောက်ဖြူမြို့ ငလပွိဆိပ်ကမ်းကိုရောက်ဘာရေ။ ငလပွိဆိပ်ကမ်းက ဆိုင်ကယ် တစီးငှားပနာ သငယ်ချင်းအသိအိမ်ကိုလားရေ။ သငယ်ချင်းဆိုကေလဲသော့ ငယ်ပေါင်းမဟုတ်ဘာ။ ကြီးပေါင်း ဘာ။ ယေကေလဲသော့ ငယ်ပေါင်းပိုင် ချစ်ခင်မင်ကတ်ဘာရေ။ အကျွန့်ကိုလဲသော့ ငယ်ပေါင်း သငယ်ချင်းပိုင် ခင်မင်ဘာရေ။ သငယ်ချင်းက အစစအရာရာ ကူညီပီးဘာရေ။ ကျောက်ဖြူသားတိ စေတနာအရင်းခံကောင်း ကတ်စွာကိုလဲသိခရဘာရေ။ ဇာနီရာကိုလားလား အကျွန့်သငယ်ချင်းက စီစိုင်ပီးရေ။ လိုက်ပို့ပီးဘာရေ။ သငယ် ချင်းနှစ်ယောက် ဆိုင်ကယ်တစီးနန့်လားကတ်စွာ ကျောက်ဖြူမြို့ အားလုံးစုံလားရေ။ မြို့ထဲမာတော့ နာရီစင် တခုတွိရဘာရေ။ လမ်းတိကတော့ ကောင်းစွာတော့မဟုတ်။ ယေကေလဲသော့ တပျင်းပျက်စီး နီစွာတော့ မဟုတ်ဘာ။ ကျောက်ဖြူထောင်ဖက်ကိုလဲသော့ ရောက်ခဘာရေ။ ပင်လယ်ကမ်းနားဖက်ကို လဲသော့ရောက် ဘာရေ။ ကျောက်ဖြူမြို့သူ၊သားတိ စကားပြောစွာ ကကောင်းယဉ်ကျေးဘာရေ။ တချို့စကားအသုံး အနှုန်း တိကဒေါ့ခါ ဗမာ(အောက်သား)စကား အသုံးအနှုန်းများ သုံးကတ်တေထင်ဘာရေ။ "ဟုတ်ကဲ့၊ ဦးလေး" ဆိုရေ အသုံးအနှုန်းကိုလဲ သုံးကတ်ဘာရေ။ ယင်းဝေါဟာရကို မြေပုံမြို့ သင်္ဘောဆိပ်မာလဲသော့ ကြားခဘာရေ။ ယင်းစ ကားရေ ဒေသသုံးစကားမဟုတ်ဘာ။ ကြက်ငှက်တုတ်ကွေးပိုင် ကူးစက်လာစွာယာဖြစ်တေ။ ဟုတ်ကဲ့ ဦးလေး ဆိုရေ စကားစွာ မြေပုံမြို့အထိ ကူးစက်ခံနီရဘာယာ။

ညဇာဖက် သငယ်ချင်းနန့် လဖက်ရည်ဆိုင်ထိုင်ကတ်ပါရေ။ ညဇာဖက် ၉နာရီခွဲမာ ကမ္ဘာ့ဖလား ခြီစစ်ပွဲ အင်္ဂလန်နန့် သြစတေးလျ ဘောလုံးပွဲကို ကြည့်ဖြစ်ဘာရေ။ ကြည့်နီယင်းနန့် အနိုင်အရှုံးးကို မသိလိုက်ရဘာ။ ဇာကြောင့်လဲဆိုကေ တီဗီ ကြည့်နီယင်းနန့် မီးသီလားရေ။ မီးပီးစွာက ၁၀နာရီအထိယာပီးရေလတ်။ ယေနန့်ဇု ဆုံးအောင်မကြည့်လိုက်ရဘာ။ ရနံဆီလဲဈီးတက်တေလို့ပြောရေ။ တဂါလံကို ၅၈၀၀ကျပ်ထိ တက်လားရေ လို့ပြောရေ။

နောက်တရက်မိုးသတ်ဖက် ၈နာရီကျော်မာ အံဖွယ်သာမော ကံ့ကော်တောဘုရားကို သငယ်ချင်းနန့် တတူ ဘုရားဖူးခီဘာရေ။ လမ်းတလျောက်မာ စစ်တပ်နီရာတိဒေးယာ တွိခဘာရေ။ သီဟိုစိုက်ခင်းတိကိုလဲ တွိမြင်ခ ဘာရေ။ ကံ့ကော်တောဘုရားမာ ဆုတောင်းခဘာရေ။ ဘုရား၊တရား၊သံဃာကို ဟြိခိုးဗြီးကေ ဆုတောင်းဘာရေ။ "ရခိုင်ပြည်အယင်လွတ်မြောက်နိုင်ဘာဇီ"လို့ ဆုတောင်းခဘာရေ။ ဆုတောင်းနီယင်းနန့် ဆုတောင်းလို့ ဗြီးခါနီး မာ သံစိုင်ထုသံက ထွက်ပေါ်လာဘာရေ။ အကျွန့်စိတ်ထဲမာ ကံ့ကော်တောဘုရားမာ ဆုတောင်းစွာ ပြည့်ယာလို့ ထင်ခဘာရေ။ အကျွန့်လဲသော့ ဘုရားဘားမာ ဆုတောင်းရေအခါတိုင်း ယင်းဆု(ရခိုင်ပြည်အယင် လွတ်မြောက် ဘာဇီ)ကို အမြဲတောင်းဘာရေ။ ကျောက်တော် မဟာမုနိဘုရားကို ဖူးခါလဲသော့ ယင်းဆုကို တောင်းခဘာရေ။ ကံ့ကော်တောဘုရားမာ အမှတ်တရ ဓါတ်ပုံတိရိုက်။ ယဗြီးကေ ဘုရားသမိုင်းစာအုပ်နန့် ဘုရားပုံတောတိကိုလဲ သော့ ၀ယ်ခဘာရေ။ အလှူဖဲသာလဲသော့ လှူခဘာရေ။ ကံ့ကော်တောဘုရားကအပြန် ကျောက်တလုံးဘုရားကို ၀င်ဖူးကတ်ဘာရေ။ ကျောက်တလုံးတည်းမာ ဘုရားတိထွင်ထုထားဘာရေ။ ရခိုင်ဘုရင်တိ လက်ထက်က နာမေ ကျော်လက်သမား ငါးရာတိ တညတည်းနန့် ထွင်းထုခရေလို့ ဆိုကတ်ဘာရေ။ အံ့သြဖို့ကောင်းရေ လက်ရာ တိဘာ။ ကျောက်တလုံးဘုရားမာ ရညှိတိနန့် ရှိဟောင်းအမွိအနှစ်တိကို တန်ဆာဆင်ထားဘာရေ။ ကျောက် တလုံးဘုရားမာလဲ ရခိုင်ပြည်ကြီးအယင် လွတ်မြောက် ဘာဇီလို့ဆုတောင်းခဘာရေ။ ယင်းဘုရားကအပြန် သာ သနာ ၂၅၀၀ ဘုရားကိုလဲသော့ ၀င်ဖူးခဘာရေ။ ပင်လယ်ကမ်းနားဟိန့် တောင်ကုန်းထက်မာ တည်ထားကိုး ကွယ်ထားဘာရေ။ ဒေဘုရားမာ နှစ်တိုင်း ၀ါကျွတ်လတွင် ဘုရားပွဲကျင်းပရေလို့ သိရဘာရေ။ ယင်းဘုရားကုန်း ထက် ပင်လယ်က တိုက်ခတ်လာရေ လီတ၀ီဝီချေတိကို ခံစားနိုင်ဘာရေ။ ယင်းကုန်းက ကြည့်လိုက်ကေ ကြည် လင်လှပရေ ပင်လယ်ပြင်ကို မြင်တိရဘာရေ။ လောင်းတိ ရွက်တိုက်ပနာ ကိုယ်လိုရာခရီးကို လားနီကတ်စွာ ကိုလဲသော့ မြင်ရဘာရေ။ ရွက်မပါရေ ဘုတ်တိကလဲ ထိုနည်းလကောင်း လိုရာခရီးကို မောင်းနီကတ်ဘာရေ။ တောင်ကုန်းတခြားတဖက်မာ စစ်တပ်ပိုင်မြီတိ။ ဟင်းခြင်းတိကိုလဲမြင်ရဘာရေ။ ယင်းဘုရားကနီပနာ ကျောက် ဖြူမြို့ကို ပြန်လာကတ်ဘာရေ။

နောက်တရက်နိန့်မာ သငယ်ချင်းနန့် ကျောက်ဖြူ ရှုခင်းသာကို လားကတ်ဘာရေ။ ရှုခင်းသာမာ ပင်လယ်လီကို ရှုဖို့ ၁၊နာရီ၊ ၂နာရီလောက် အချိန်ဖြုန်းခကတ်ဘာရေ။ ပင်လယ်ဖက်ကို မျက်နှာမူဘနာ သငယ်ချင်းနှစ်ယောက် စကားချေတိကို ပြောဖြစ်ခဘာရေ။ ရခိုင်ပြည် သံယံဇာတပေါကြွယ်ဝရေအကြောင်း၊ သဘာဝဓါတ်ငွိ့ ထွက်တေ အကြောင်း၊ ယင်းဓါတ်ငွိ့ကို ဒေးဝူးကုမ်ပဏီက တူးဖော်ဖို့ပြင်နီရေအကြောင်း၊ ဓါတ်ငွိ့ဒင်မက ရွှေဖြူဘာ ထွက် တေအကြောင်း စရေစရေ အကြောင်းတိကို သငယ်ချင်းနှစ်ယောက်ထိုင်ပနာ ပြောဖြစ်ခကတ်ဘာရေ။ ရခိုင်ပြည် မြောက်ဦးမြို့နယ်မာ ရီတွင်းတူးစွာကတောင် ဓါတ်ငွိ့ထွက်တေအကြောင်းပြောဖြစ်ခကတ်ဘာရေ။ ဒေလောက် သံယံဇာတပေါကြွယ်ဝရေ ရခိုင်ပြည်မာ ရခိုင်သူ၊သားတိ ဆင်းရဲနီရရေအကြောင်းတိလဲပါဘာရေ။ တကယ်လို့ ရာ ရခိုင်ပြည်သူ၊သားတိက ဒေသံယံဇာတတိကို ပိုင်ဆိုင်ခွင့်ရကတ်ဖို့ဆိုကေ မတ်ရို့ငါ့ရို့အဂုထိုင်နီရေ ပင်လယ် ကမ်းနားမာ အများပြည်သူတိ အပန်းဖြေပနာ စည်ကားလို့ဟိန့်လီဖို့။ အဂုဂါးဒေနီရာမာ ခြောက်ပနာ လူလဲမ ဟိန့်၊ သျှင်လဲမဟိန့်ဖြစ်နီရေ။ ပြည်သူပြည်သားတိ ဆင်းရဲနီကတ်တေခါ အပန်းဖြေဖို့မပြောကေ့ တနပ်စား ဖို့စွာကို မနည်းရုန်းကန်နီကတ်ရရေ။ ယေနန့်ဇု ဒေပိုင် ပင်လယ်ကမ်းနားတိကို ဇာပိုင်ရောက်နိုင်ဖို့ရောင် ပြောကတ်ယင်း နာရီစကေချေလောက်ကို ပင်လယ်လီနန့်အတူ သုံးဖြုန်းပနာ အိမ်ကိုပြန်လာကတ်ဘာရေ။ နောက်တနိမာ မလိခနန့် အပြန်ခရီးကို လိုက်ပါလတ်တေ။

မှတ်ချက်၊ ကျောက်ဖြူသို့၂၀၀၅ခုနှစ်က လားခီစွာကို Diary စာအုပ်မာရွီးထားစွာကို ပြန်ပနာဖော်ပြလိုက်စွာဘာ။
Pataglo(2/11/2010)

No comments:

Post a Comment