ရခိုင်ပြည် ပြားတောက နွီးထွီးစွာ ကြိုဆိုပါရေ

ပြားတောမဟိန့်ကေ အသက်မရှင်နိုင်ဆိုရေ ဆောင်ပုဒ်ကို စွဲကိုင်ပနာ ရခိုင်ပြည်ဟိန့် ပြားတောတိကို ထိန်းသိမ်းလားကတ်ပါမေ။

Friday, February 5, 2010

တရားမ၀င်ပဇွန်မွီးမြူရီး

တရားမ၀င်ပဇွန်မွီးမြူရီးဆိုစွာ အစခါ အကျွန်လဲသော့ နားမလည်ပါ။ ဇာကြောင့်လဲဆိုကေ ပဇွန်ကန်လုပ်တေ လူတိုင်း မြို့နယ်သက်ဆိုင်ရာအာဏာပိုင်တိဘားက ခွင့်ပြုချက်နန့် ပဇွန်မွီးမြူရီးလုပ်နီကတ်တေအတွက်ကြောင့် ဖြစ်ပါရေ။ ယင်းပိုင်ဆိုကေ ဇာချင်းကို တရားမ၀င်ပဇွန်မွီးမြူရီး လို့ခေါ်ပါရေလဲ။ စကေ့ချေလောက် လိလာကြည့် မိပါရေ။ ၁၉၇၀ ၀န်းကျင်လောက်က ကမ္ဘာ့ဘဏ်အကူအညီနန့် ရခိုင်ပြည်မာ လယ်ယာစိုက်ပျိုးရီးလုပ်ငန်းတိ ဖော်ထုတ်ခပါရေ။ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ် အပြင်တခြားမြို့နယ်တိမာလဲသော့ လယ်ယာစိုက်ပျိုးရီး စီမံကိန်းကို အာဏာရူးနေ၀င်းက ပြုလုပ်ခဘာရေ။ ယင်းလယ်မြီတိရေ အဂုအချိန်ထိ လယ်မြီအဖြစ်တည် ဟိန့်နီပါသိမ့်ရေ။ ပြောရဖို့ဆိုကေ လယ်ယာစိုက်ပျိုးရီးနန့် ဆည်မြောင်းဌာနမာ လယ်စရင်းပေါက်ဗြီးသားဘာ။ တချို့လယ်မြီကို ထွန်ယက်စိုက်ပျိုးခြင်းမပြုကတ်ပါယာ။ အကြောင်းက သဘာဝဘေးဆိုးတိကြောင့် လယ်မ လုပ်နိုင်ကတ်ပါ။ ဥပမာ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရီမြှုပ်တေခါ လယ်ယာမြီတိပျက်စီးလားပါရေ။ ယင်းချင့်ကို တချို့ လယ်လုပ်ကတ်သိမ်းရေ။ တချို့က ဝေးသထားကတ်တေ။ ဝေးသထားရေ လယ်မြီတိမာ သဘာဝ အလျောက် ပြားတောတိက ပြန်ပနာရှင်သန်ပေါက်ရောက်ကြီးထွားဗြီးကေ တောဖြစ်နီဘာရေ။ ပဇွန်မွီးမြူရီး ကြောင့် နဂိုက ဟိန့်နီရေ ပြားတောဒင်မကနန့် အသစ်ပေါက်ရောက်နီရေပြားတောတိဘာ ပြုန်းတီးလားခရ ပါရေ။

၁၉၉၂-၁၉၉၃ နောက်ပိုင်းလောက်မာ မြေပုံမြို့နယ်မာ ပဇွန်မွီးမြူရီးခေတ်ထလာဘာရေ။ ယေခါ ပဇွန်မွီး မြူရေလူတိက ငမန်းရဲကျွန်းမာပုန်းဆိုးထနီရေ လယ်မြီတိကို ပဇွန်ကန်လုပ်ပလိုက်ကတ်တေ။ သက်ဆိုင်ရာ အာဏာပိုင်တိကလဲ မသိကျိုးကျွန်ပြုပနာ လာတ်စားဗြီးကေ လယ်မြီအဖြစ်က ပဇွန်ကန်အဖြစ်ပြုလုပ်ပလိုက် ကတ်တေပါရေ။ ရိုးသားရေ လယ်သမားတိကို လိမ်စားစွာဘာချင့်။ လယ်သမားနန့်ပဇွန်မွီးရေလူတိကြားမာ ဖြစ်နီရေ အဓိကပြဿနာ တရပ်ဖြစ်ဘာရေ။ လယ်မြီအဖြစ်က ပဇွန်ကန်အဖြစ် ပြောင်းလုပ်ပလိုက်စွာကို တရားမ၀င် ပဇွန်မွီးမြူရီးလို့ပြောဘာရေ။ လယ်မြီမာ ပုဇွန်မွီးထားရေအတွက်ကြောင့် တရားမ၀င်လို့ ပြောဘာ ရေ။ ယင်းပိုင်ပဇွန်ကန်အဖြစ် ပြောင်းပလိုက်တေ လယ်မြီတိရေ အဂုထက်ထိ လယ်ယာစိုက်ပျိုးရီးနန့် ဆည် မြောင်းဌာနမာ လယ်မြီအဖြစ် စရင်းပေါက်လျက်ဟိန့်နီပါသိမ်းရေ။ လယ်လုပ်လို့ စပါးအထွက်မကောင်းကေ ပဇွန်ကန်လုပ်ပလိုက်ကတ်ပါရေ။ ဒေချင့်ရေ တရားမ၀င်ဘာ။ ဒေပိုင်ဖြစ်နီစွာက ရခိုင်ပြည်အနှံ့မာဖြစ်နီရေ ပြဿနာတခုဘာ။

ပဇွန်မွီးဖို့ဆိုကေ လ/န (၃၉)နန့် မြီလွတ်မြီရိုင်းတိကို လျှောက်ရပါရေ။ အောက်ပါဇယားကိုကြည့်ပါ။ ၂၀၀၂-၂၀၀၃ခုနှစ် ရခိုင်ပြည်အတွင်း ရီငန်ပဇွန်ကန်နန့်ပတ်သက်ရေ လ/န(၃၉))နန့် မြီလွတ်မြီရိုင်း လျှောက်ထားမှုအခြီအနီ

စိုင် မြို့အမည် မြီပြင်ဧရိယာ ခွင့်ပြုချက်ရထားရေဧက စုစုပေါင်းဧက
လ/န ၃၉ (ဧက)၊ မြီလွတ်မြီရိုင်းဧက
၁။ စစ်တွေ ၅၆၀၂ ၅၀၂.၂၁၊ ၁၂၁.၀၁ ၆၂၃.၂၂
၂။ ပေါက်တော ၃၁၉၁၃ - ၅၀၀.၅၀ ၅၀၀.၅၀
၃။ ရသေ့တောင် ၁၄၇၂၅ ၁၆၇.၇၈ ၃၆၆၇.၃၇ ၃၈၃၅.၁၅
၎။ ပုဏ်ဏားကျွန်း ၁၀၉၅၃ - ၃၃၆.၀၅ ၃၃၆.၀၅
၅။ ကျောက်တော် - - - -
၆။ မြေပုံ ၂၄၆၅၇ ၃၁.၅၀ ၆၀၀.၄၁ ၆၃၁.၉၁
၇။ မင်းပြား ၆၂၅၅ - - -
၈။ မြောက်ဦး ၅၈၁ - - -
၉။ မောင်တော ၁၅၃၀၂ ၂၁၃၆.၄၇ - ၂၁၃၆.၄၇
၁၀။ ဘူးသီးတောင် - - - -
၁၁။ သံတွဲ ၇၄၄ ၉၀၀.၅၃ - ၉၀၀.၅၃
၁၂။ တောင်ကုတ် ၁၀၁၉၉ - - -
၁၃။ ဂွ ၂၃၈ ၄၀၅.၆၅ - ၄၀၅.၆၅
၁၄။ ကျောက်ဖြူ ၁၈၀၁၈ ၅၈၈.၅၀ ၂၁၈၀.၂၁ ၂၇၆၈.၇၁
၁၅။ ရမ်းဗြဲ ၅၉၃၉ - ၉၀.၀၀ ၉၀.၀၀
၁၆။ မာန်အောင် ၅၇၈ - - -
၁၇။ အမ်း ၉၈၂၉ - - -
စုစုပေါင်း ၁၅၅၅၃၃ ၄၇၃၂.၆၄ ၇၄၉၅.၅၅ ၁၂၂၂၈.၁၉

Pataglo(2/5/2010)







No comments:

Post a Comment