ရခိုင်ပြည် ပြားတောက နွီးထွီးစွာ ကြိုဆိုပါရေ

ပြားတောမဟိန့်ကေ အသက်မရှင်နိုင်ဆိုရေ ဆောင်ပုဒ်ကို စွဲကိုင်ပနာ ရခိုင်ပြည်ဟိန့် ပြားတောတိကို ထိန်းသိမ်းလားကတ်ပါမေ။

Tuesday, February 16, 2010

သစ်တော သယံဇာတတိကို စီမံအုပ်ချုပ်စွာမှာ ပြည်သူလူထုတိ ပူးပေါင်းပါဝင်ရန်လိုအပ်ပါရေ

ရခိုင်ပြည်တွင် စုစုပေါင်းသစ်တောဖုံးလွှမ်းဧရိယာ ၈၄၇၁ စတုရန်းမိုင်ဟိန့်ပါရေ။ ကြိုးဝိုင်းသစ်တောဧရိယာက ၁၀၃၂ စတုရန်းမိုင် (၇.၃%)နန့် အခြားသစ်တော ၇၄၃၉ စတုရန်းမိုင် ဟိန့်ပါရေ။ သစ်တောသယံဇာတကို ထိန်းသမ်းရေလူကနည်းပနာ သုံးစွဲရေလူတိက များပြီးကေ ထိန်းသိမ်းကာကွယ်ရဖို့ ဧရိယာကလဲ ကျယ်ဝန်းသဖြင့် ရေရှည်မှာ တခုပိုင်လဲ ကာကွယ်နိုင်ဖို့မဟုတ်ပါ။ ယင်းချင့်ကြောင့် သစ်တောတိလည်း တနိန့်ထက်တနိန့် ပျက်စီးနီပါရေ။

နှစ်စိုင်နှစ်တိုင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလားခရေ သစ်တောတိကို ဒေသပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်းနန့် သဘာဝသစ်တော ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းတိကို ပြည်သူတိနန့် ပူးပေါင်းဆောင်ရွက်မှုဖြင့် သစ်တောတိအုပ်ချုပ်လုပ်ကိုမှု Participatory Forest Management ကိုစတင် အကောင်အထည်ဖော် ကျင့်သုံးခြင်းနန့် သစ်တောတိ ပျက်စီးမှုတိကို လျော့နည်းစီနိုင်ပါရေ။

အဂုအခါ သစ်တောကဏ္ဍမှာ ပြည်သူတိ ပါဝင်ဆောင်ရွက်လာနိုင်ရီးနန့်ပတ်သက်ပနာ
၁၉၉၂ ခုနှစ် သစ်တောဥပဒေ။
၁၉၉၅ ခုနှစ် သစ်တောနည်းဥပဒေ။
၁၉၉၅ ခုနှစ် ဒေသပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွန်ကြားချက်တိနန့် မြန်မာ့သစ်တော မူဝါဒ ၁၉၉၅ တိကို ထုတ်ပြန်ထားပြီးဖြစ်ပါရေ။ သစ်တောကဏ္ဍဖွံ့ဖြိုးရီးနန့် သစ်တောကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းတိမှာ ပြည်သူတိက နိုးကြားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အတိအလင်းဖော်ပြထားပါရေ။

အထက်ပါ ဥပဒေ၊နည်းဥပဒေတိနန့် ဒေသအစုအဖွဲ့ပိုင် သစ်တောတိ တည်ထောင်ပနာ ပြုန်းတီးနီရေ ပြားတော ဧရိယာနန့် ကျန်ဟိန့်နီရေ ကြိုးဝိုင်း ပြားတော ဧရိယာတိကို ကာကွယ်ထိန်းသိမ်းနိုင်ပါရေ။

Pataglo(2/16/2010)

No comments:

Post a Comment