ရခိုင်ပြည်၏ အဓိကစီးပွားရီးစွာ လယ်ယာလုပ်ငန်းနန့် ရီလုပ်ငန်းဖြစ်ပါရေ။ သဘာဝအလျှောက်အဖြစ်တည်ဟိနိန်ရေ ရခိုင်ရိုးမ တောင်တန်းကြီးနန့် ဘင်္ဂလားပင်လယ်အော်ကြားက ကမ်းရိုးတန်းရခိုင်ဒေသစွာ သားငါး၊ စပါး၊ဆန်ရီ ပေါကြွယ်ဝရေ ဒေသတခု ဖြစ်ပါရေ။ ယေဒါလေ့သော တခါတရီမာ ငတ်မွတ်ခေါင်းပါးမှုနန့် သဘာဝ ဘေးအန္တရာယ်မျိုးမျိုးတိကို ကြုံတွိကတ်ရရေ။ လယ်ယာ လုပ်ငန်း တိုးတက်ဖို့၊ ရီလုပ်ငန်း တိုးတက်ဖို့အတွက် အရင်းအနှီးနန့် နည်းပိုင်ညာ တိလိုအပ်လာဘာရေ။ ယင်းချင်းတိအပါအ၀င် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး နည်းလမ်းတိလည်း လိုအပ်လာပါရေ။
ရီလုပ်ငန်းမာ ငါးဖမ်းလုပ်ငန်း၊ ငါးပဇွန်မွီးမြူရီးလုပ်ငန်းတိ တိုးတက်လုပ်ဆောင်ဖို့ တာစူးလာကတ်တေ။ ငါးပဇွန်မွီးမြူရီး လုပ်ငန်းတိကို လုပ်ကိုင်ဆောင်ရွက်လာကေ သတိထားရဖို့ အကြောင်းအရာတိ ပေါ်လာနိုင်ပါ။ ယင်းငါး၊ပဇွန်မွီးမြူရီးလုပ်ငန်းစွာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်နိုင်ရေဆိုစွာကို နားလည်ဖို့လိုလာပါရေ။ ရခိုင်ပြည်မာ ပဇွန်ကို သဘာဝအလျောက်မွီးမြူရီးစနစ်က အများဆုံးပါ။ ယင်းသဘာဝ ပဇွန်မွီးမြူရီးစနစ်ကြောင့် ရခိုင်ကမ်းရိုးတမ်းဒေသတိမာ ဟိန့်နီရေ ပြားတောတိ ကုန်းခမ်းလားခရေဆိုစွာ သတိထားကတ်ရပါဖို့။ ရခိုင်ပြည် သစ်တောဌာနနန့် ဆည်မြောင်းဦးစီးဌာနရို့က ပြားတောတိ ပြုန်းလားခယာလို့ ပြောစွာကို လက်မခံကတ်ပါ။ ပြားတောတိ ကုန်းခမ်းလားရေ၊ လျော့နည်းလားရေရာပြောရေ။ အမှန်က ပြုန်းတီးလားခစွာပါယာ။ မဆင်မခြင် ပြားတောတိကို ခွတ်ပနာ ပဇွန်မွီးပလိုက်ကတ်လို့ဖြစ်ရစွာလို့ မှတ်လိုက်ဖို့ဗျာယ်။ အယင်တလိုင်းက ကျောက်တော်မြို့နယ်မာ ရီချို ငါးမွီးမြူရီးလုပ်ငန်းကို လုပ်ကိုင်ရွက်လာကတ်တေလို့ နရိဉ္စာရာ သတင်းမာ ဖတ်လိုက်မိရေ။ ဇာပဲဖြစ်ဖြစ် စီးပွားရီးအရ စိုင်းစားကေ ကောင်းရေလက္ခဏာပါ။ ဒေမွီးမြူရီးကြောင်း ဖြစ်ပေါ်လာနိုင်ရေ ဘေးထွက်ဆိုးကျိုးတိကို ကာကွယ်နိုင်ကေ သဘာဝပတ်ဝန်း ကျင်အတွက် အကျိုးဟိပါရေ။ မွီးမြူရီးကန်တိက ထွက်ပေါ်လာရေ ရီဆိုးရီညစ်တိကို သန့်စင်နိုင်ဖို့လိုအပ်တေပိုင်။ ငဇာကြောင့် ရီညစ်ပတ်တေဆိုစွာ လက်ခံဖို့လိုရေ။ ကျွေးလိုက်တေငါးဇာ တိကို ငါးတိစွာ အားလုံးမစားနိုင်ပါ။ ကျန်ခရေ ငဇာတိကြောင့် ကန်မာဟိရေရီစွာ ညစ်ညမ်းလာပါရေ။ အဓိက ငဇာမာ ဓါတုဗေဒ ပစ္စည်းတိပါကေ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါရေ။ ယင်းကြောင့် ငါးကန်က ထုတ်ပလိုက်တေ ညစ်ညမ်းရီတိကို သန့်စင်ဖို့လိုပါရေ။ ငါးတိ ရောဂါမဖြစ်ရအောင်၊ ငါးတိ ရိနာမဖြစ်ရအောင် ကာကွယ်ဖို့လဲ လိုအပ်ပါရေ။ ငါးတိ ရိနာဖြစ်ကေ ကြက်ရိနာဖြစ်စွာပိုင်ယာ ကူးစက်စွာ ကကောင်းယင်ပါရေ။ ငါးကန်တကန်မာ ငါးတိ ရိနာဖြစ်လာဗျာယ်ဆိုကေ တခြားငါးကန်တိနန့် မြစ်၊ချောင်းတိကို ယင်းရောဂါတိ တချက်ချေနန့်ပြန့်လားနိုင်ပါရေ။ ယင်းကြောင်းဒေနီရာမာ ရောဂါဖြစ်ပေါ်လာယာဆိုကေ ကာကွယ်ဖို့ နည်းပိုင်ညာတိ လိုအပ်လာပါရေ။ ဒေပိုင်နည်းပိုင်ညာတိနန့် မွီးမြူကေ စီးပွားရီးအရ ကောင်းရေပိုင်။ တဖက်ကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်လာနိုင်ပါရေ။ သဘာဝပတ်ကျင်ထိခိုက်လာဗျာယ်ဆိုကေ ငရို့နီထိုင်ရေလူ့ပတ်ဝန်းကျင်နန့် သက်ဟိ ပတ်ဝန်းကျင်တိကိုလည်း ထိခိုက်လာနိုင်ပါရေ။
ရခိုင်ပြည် သဘာဝသစ်တောတိ ပြုန်းတီးလာရစွာရေ မဆင်မခြင် ပြားတောတိကို ခွတ်ပနာ ပဇွန်မွီးမြူးခြင်း၊ ထင်းထုတ်လုပ်မှုနန့် လယ်ယာမြီ ဖော်ထုတ်မှုတိကြောင်း ဖြစ်ပါရေ။ မြစ်ချောင်းအင်းအိုင်တိ မထိခိုက်လားအောင် ငါးမွီးမြူစွာတိကိုလဲ ဆင်ဆင်ခြင်ခြင် မွီးမြူကတ်ဖို့ တိုက်တွန်းပါရေ။ ပဇွန်မွီးမြူရီးကြောင့်ဖြစ်ဖြစ်၊ ငါးမွီးမြူရီးကြောင့်ဖြစ်ဖြစ် ကျရောက်လာဖို့ ဘေးအန္တရာယ်တိစွာ ရခိုင်ပြည်သူ၊သားရို့ ခေါင်းထက်မာ ကျရောက်လာဖို့ဆိုစွာ သတိထားယင်း လုပ်ဆောင်ကတ်ပါ။ ဘေးအန္တရာယ်စွာ လူသားတိအပေါ်တွင်သာမက ဂေဟနစ်ကြောင့် သက်ဟိသတ္တ၀ါရို့အပေါ်မာပါ ကျရောက်နိုင်ပါရေ။
Pataglo(10/7/2010)
Friday, October 8, 2010
Tuesday, February 16, 2010
သစ်တော သယံဇာတတိကို စီမံအုပ်ချုပ်စွာမှာ ပြည်သူလူထုတိ ပူးပေါင်းပါဝင်ရန်လိုအပ်ပါရေ
ရခိုင်ပြည်တွင် စုစုပေါင်းသစ်တောဖုံးလွှမ်းဧရိယာ ၈၄၇၁ စတုရန်းမိုင်ဟိန့်ပါရေ။ ကြိုးဝိုင်းသစ်တောဧရိယာက ၁၀၃၂ စတုရန်းမိုင် (၇.၃%)နန့် အခြားသစ်တော ၇၄၃၉ စတုရန်းမိုင် ဟိန့်ပါရေ။ သစ်တောသယံဇာတကို ထိန်းသမ်းရေလူကနည်းပနာ သုံးစွဲရေလူတိက များပြီးကေ ထိန်းသိမ်းကာကွယ်ရဖို့ ဧရိယာကလဲ ကျယ်ဝန်းသဖြင့် ရေရှည်မှာ တခုပိုင်လဲ ကာကွယ်နိုင်ဖို့မဟုတ်ပါ။ ယင်းချင့်ကြောင့် သစ်တောတိလည်း တနိန့်ထက်တနိန့် ပျက်စီးနီပါရေ။
နှစ်စိုင်နှစ်တိုင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလားခရေ သစ်တောတိကို ဒေသပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်းနန့် သဘာဝသစ်တော ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းတိကို ပြည်သူတိနန့် ပူးပေါင်းဆောင်ရွက်မှုဖြင့် သစ်တောတိအုပ်ချုပ်လုပ်ကိုမှု Participatory Forest Management ကိုစတင် အကောင်အထည်ဖော် ကျင့်သုံးခြင်းနန့် သစ်တောတိ ပျက်စီးမှုတိကို လျော့နည်းစီနိုင်ပါရေ။
အဂုအခါ သစ်တောကဏ္ဍမှာ ပြည်သူတိ ပါဝင်ဆောင်ရွက်လာနိုင်ရီးနန့်ပတ်သက်ပနာ
၁၉၉၂ ခုနှစ် သစ်တောဥပဒေ။
၁၉၉၅ ခုနှစ် သစ်တောနည်းဥပဒေ။
၁၉၉၅ ခုနှစ် ဒေသပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွန်ကြားချက်တိနန့် မြန်မာ့သစ်တော မူဝါဒ ၁၉၉၅ တိကို ထုတ်ပြန်ထားပြီးဖြစ်ပါရေ။ သစ်တောကဏ္ဍဖွံ့ဖြိုးရီးနန့် သစ်တောကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းတိမှာ ပြည်သူတိက နိုးကြားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အတိအလင်းဖော်ပြထားပါရေ။
အထက်ပါ ဥပဒေ၊နည်းဥပဒေတိနန့် ဒေသအစုအဖွဲ့ပိုင် သစ်တောတိ တည်ထောင်ပနာ ပြုန်းတီးနီရေ ပြားတော ဧရိယာနန့် ကျန်ဟိန့်နီရေ ကြိုးဝိုင်း ပြားတော ဧရိယာတိကို ကာကွယ်ထိန်းသိမ်းနိုင်ပါရေ။
Pataglo(2/16/2010)

Thursday, February 11, 2010
ကျောက်ဖြူမြို့သို့ခရီးတခေါက်
စစ်တွေမြို့က အောင်တံခွန်သင်္ဘောနန့် မိုးထသား(၆)နာရီကျော်ကထွက်လာစွာ မြေပုံကို နိန့်ခြင်းဖက်မှ ရောက်တေ။ မြေပုံမြို့ သင်္ဘောဆိပ်တွင် ဖောင်တော်ကို ပြုပြင်နီကတုန်းဖြစ်တေ။ ဆိုင်ကလုန်း တိုက်လားလို့ ပျက်စီးလားစွာဘာလတ်။ မြေပုံမြို့ကမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုင်းဘုတ်တင်ဖို့အတွက် အုတ်နန့် ပြုလုပ်နီ တုန်းဖြစ်တေ။ မြေပုံမြို့ သင်္ဘောဆိပ်မာ အပင်တိမဟိန့်ရေအတွက်နန့် အရိပ်ခိုလုံဖို့နီရာလဲသော့မဟိန့်။ ပူ လည်းပူပြင်းသည်။ ခရီးကလဲသော့ ကျောက်ဖြူကို ဆက်လားရဖို့သိမ်း။ သင်္ဘောက မြေပုံမာ ညမအိပ်တေအ တွက်နန့် သင်္ဘောဆိပ်ကနီပနာ အ၀ီးအနှံကိုလားလို့လဲမဖြစ်။ ယေနန့်ဇု သင်္ဘောဆိပ်ကနီပနာ ဟိုကြည့်ဒေ ကြည့်နီစွာမာ သတိတခုထားမိရေ။ မြေပုံမြို့ အရှိဖက်မာ တောင်ညိုတောင်တန်းက စိန်းလမ်းစိုပြေလျက်ဟိန့် ရေ။ မြို့ကမ်းနားတလျေက်မာ ပြားတောအပင်တိ တပင်ချေကိုတောင်မတွိရ၊ မမြင်ရစွာကို သတိထားမိရေ။ ဗိုက် ပြင်(ကျုပ်ပြင်)တိကိုရာ တွိရဘာရေ။ ကမ်းနားတလျောက်မာ သင်္ဘောကပ်ရန် ဖောင်တော်(ပြုပြင်နီ)တခုနန့် အဓိက ဘုတ်ဆိပ်နှစ်ခုဟိန့်ဘာရေ။ ဘုတ်ဆိပ်ကို ဆင်းဆင်း၊ တက်တက် ဖောင်တော်ခ ကောက်ဘာရေလတ်။ တယောက်ကို အတက်(၅၀)ကျပ်၊ အဆင်း(၅၀)ကျပ်ပီးရဘာရေလတ်။ ယင်းဘုတ်ဆိပ်တိမာ အရက်ဆိုင်တိ၊ ပဇွန်းဒိုင်တိက နီရာယူပနာ စည်ကားနီစွာကိုမြင်ရဘာရေ။ မြစ်ထဲမာလဲသော့ ရီတပ်က သင်္ဘောတစီးက လာသ မျှ ဘုတ်တိ၊ သမ်ဗန်တိကို တန့်ခိုင်းပနာ ဖဲသာကောက်နီရေ။ ယင်းသင်္ဘောရေ အချက်အချာကျရေ လောင်း ဒရိတ်ရွာ အထက်ပိုင်းနန့် မြေပုံမြို့အောက်ပိုင်း(မြေပုံနန့်လောင်းဒရိတ်ဂြား)မာ စခန်းချထားရေ နီရာက လာပ နာ ဖဲသာတောင်းစားနီစွာဘာလတ်။
မြေပုံမြို့က အောင်တံခွန်သင်္ဘောနန့် ကျောက်ဖြူမြို့ကို စီးလာဘာရေ။ အချိန်က နိန့်ခင်းဖက်ဖြစ်လို့ ကကောင်းပူဘာရေ။ သင်္ဘောလားရေ လမ်းကြောင်းတလျောက်မာ ပြားတောတိကိုတွိရဘာရေ။ မြစ်ကမ်းနား တလျောက်မာယာ ပြားတောတိကို မြင်ရဗြီးကေ အတွင်းပိုင်းကျကေ ပဇွန်တာတိ၊ လယ်ပြင်တိကို မြင်ရဘာရေ။ တချို့နီရာတိမာ ပိုက်သေတိ ငါးရှာနီစွာကိုလဲသော့ တွိရဘာရေ။ ညဇာသားနီဝင်လို့ မိုးချုပ်စွာနန့် နောင် တော်ကြီး၊ နောင်တော်ချေမြစ်ကို ရောက်ဘာရေ။ နောင်တော်မြစ်ကို သင်္ဘောက ညိန့်ခါသားဖြတ်ဘာရေ။ လှိုင်း စကေချေထလို့ တချက်တချက် သင်္ဘောကို ဘယ်လှိမ့်၊ညာလှိမ့်ဖြစ်ဘာရေ။ သင်္ဘောထက်က ကြည့်လိုက်ကေ အာကာတခွင်လုံး ကြယ်တိက လွှမ်းမိုးနီရာယူထားကတ်တေ။ ယေကေလဲသော့ သတင်းကျွတ်လ ဆန်းစရက် ဖြစ်တေအတွက်ကြောင့် မျက်ခုံးသဏ္ဌာန်ဟိန့်ရေ စန္ခာချေက ပင်လယ်ထဲကို ၀င်လားဖို့ အချိန်ယူနီဘာရေ။
ညဆယ်နာရီကျော်လောက်မာ ကျောက်ဖြူမြို့ ငလပွိဆိပ်ကမ်းကိုရောက်ဘာရေ။ ငလပွိဆိပ်ကမ်းက ဆိုင်ကယ် တစီးငှားပနာ သငယ်ချင်းအသိအိမ်ကိုလားရေ။ သငယ်ချင်းဆိုကေလဲသော့ ငယ်ပေါင်းမဟုတ်ဘာ။ ကြီးပေါင်း ဘာ။ ယေကေလဲသော့ ငယ်ပေါင်းပိုင် ချစ်ခင်မင်ကတ်ဘာရေ။ အကျွန့်ကိုလဲသော့ ငယ်ပေါင်း သငယ်ချင်းပိုင် ခင်မင်ဘာရေ။ သငယ်ချင်းက အစစအရာရာ ကူညီပီးဘာရေ။ ကျောက်ဖြူသားတိ စေတနာအရင်းခံကောင်း ကတ်စွာကိုလဲသိခရဘာရေ။ ဇာနီရာကိုလားလား အကျွန့်သငယ်ချင်းက စီစိုင်ပီးရေ။ လိုက်ပို့ပီးဘာရေ။ သငယ် ချင်းနှစ်ယောက် ဆိုင်ကယ်တစီးနန့်လားကတ်စွာ ကျောက်ဖြူမြို့ အားလုံးစုံလားရေ။ မြို့ထဲမာတော့ နာရီစင် တခုတွိရဘာရေ။ လမ်းတိကတော့ ကောင်းစွာတော့မဟုတ်။ ယေကေလဲသော့ တပျင်းပျက်စီး နီစွာတော့ မဟုတ်ဘာ။ ကျောက်ဖြူထောင်ဖက်ကိုလဲသော့ ရောက်ခဘာရေ။ ပင်လယ်ကမ်းနားဖက်ကို လဲသော့ရောက် ဘာရေ။ ကျောက်ဖြူမြို့သူ၊သားတိ စကားပြောစွာ ကကောင်းယဉ်ကျေးဘာရေ။ တချို့စကားအသုံး အနှုန်း တိကဒေါ့ခါ ဗမာ(အောက်သား)စကား အသုံးအနှုန်းများ သုံးကတ်တေထင်ဘာရေ။ "ဟုတ်ကဲ့၊ ဦးလေး" ဆိုရေ အသုံးအနှုန်းကိုလဲ သုံးကတ်ဘာရေ။ ယင်းဝေါဟာရကို မြေပုံမြို့ သင်္ဘောဆိပ်မာလဲသော့ ကြားခဘာရေ။ ယင်းစ ကားရေ ဒေသသုံးစကားမဟုတ်ဘာ။ ကြက်ငှက်တုတ်ကွေးပိုင် ကူးစက်လာစွာယာဖြစ်တေ။ ဟုတ်ကဲ့ ဦးလေး ဆိုရေ စကားစွာ မြေပုံမြို့အထိ ကူးစက်ခံနီရဘာယာ။
ညဇာဖက် သငယ်ချင်းနန့် လဖက်ရည်ဆိုင်ထိုင်ကတ်ပါရေ။ ညဇာဖက် ၉နာရီခွဲမာ ကမ္ဘာ့ဖလား ခြီစစ်ပွဲ အင်္ဂလန်နန့် သြစတေးလျ ဘောလုံးပွဲကို ကြည့်ဖြစ်ဘာရေ။ ကြည့်နီယင်းနန့် အနိုင်အရှုံးးကို မသိလိုက်ရဘာ။ ဇာကြောင့်လဲဆိုကေ တီဗီ ကြည့်နီယင်းနန့် မီးသီလားရေ။ မီးပီးစွာက ၁၀နာရီအထိယာပီးရေလတ်။ ယေနန့်ဇု ဆုံးအောင်မကြည့်လိုက်ရဘာ။ ရနံဆီလဲဈီးတက်တေလို့ပြောရေ။ တဂါလံကို ၅၈၀၀ကျပ်ထိ တက်လားရေ လို့ပြောရေ။
နောက်တရက်မိုးသတ်ဖက် ၈နာရီကျော်မာ အံဖွယ်သာမော ကံ့ကော်တောဘုရားကို သငယ်ချင်းနန့် တတူ ဘုရားဖူးခီဘာရေ။ လမ်းတလျောက်မာ စစ်တပ်နီရာတိဒေးယာ တွိခဘာရေ။ သီဟိုစိုက်ခင်းတိကိုလဲ တွိမြင်ခ ဘာရေ။ ကံ့ကော်တောဘုရားမာ ဆုတောင်းခဘာရေ။ ဘုရား၊တရား၊သံဃာကို ဟြိခိုးဗြီးကေ ဆုတောင်းဘာရေ။ "ရခိုင်ပြည်အယင်လွတ်မြောက်နိုင်ဘာဇီ"လို့ ဆုတောင်းခဘာရေ။ ဆုတောင်းနီယင်းနန့် ဆုတောင်းလို့ ဗြီးခါနီး မာ သံစိုင်ထုသံက ထွက်ပေါ်လာဘာရေ။ အကျွန့်စိတ်ထဲမာ ကံ့ကော်တောဘုရားမာ ဆုတောင်းစွာ ပြည့်ယာလို့ ထင်ခဘာရေ။ အကျွန့်လဲသော့ ဘုရားဘားမာ ဆုတောင်းရေအခါတိုင်း ယင်းဆု(ရခိုင်ပြည်အယင် လွတ်မြောက် ဘာဇီ)ကို အမြဲတောင်းဘာရေ။ ကျောက်တော် မဟာမုနိဘုရားကို ဖူးခါလဲသော့ ယင်းဆုကို တောင်းခဘာရေ။ ကံ့ကော်တောဘုရားမာ အမှတ်တရ ဓါတ်ပုံတိရိုက်။ ယဗြီးကေ ဘုရားသမိုင်းစာအုပ်နန့် ဘုရားပုံတောတိကိုလဲ သော့ ၀ယ်ခဘာရေ။ အလှူဖဲသာလဲသော့ လှူခဘာရေ။ ကံ့ကော်တောဘုရားကအပြန် ကျောက်တလုံးဘုရားကို ၀င်ဖူးကတ်ဘာရေ။ ကျောက်တလုံးတည်းမာ ဘုရားတိထွင်ထုထားဘာရေ။ ရခိုင်ဘုရင်တိ လက်ထက်က နာမေ ကျော်လက်သမား ငါးရာတိ တညတည်းနန့် ထွင်းထုခရေလို့ ဆိုကတ်ဘာရေ။ အံ့သြဖို့ကောင်းရေ လက်ရာ တိဘာ။ ကျောက်တလုံးဘုရားမာ ရညှိတိနန့် ရှိဟောင်းအမွိအနှစ်တိကို တန်ဆာဆင်ထားဘာရေ။ ကျောက် တလုံးဘုရားမာလဲ ရခိုင်ပြည်ကြီးအယင် လွတ်မြောက် ဘာဇီလို့ဆုတောင်းခဘာရေ။ ယင်းဘုရားကအပြန် သာ သနာ ၂၅၀၀ ဘုရားကိုလဲသော့ ၀င်ဖူးခဘာရေ။ ပင်လယ်ကမ်းနားဟိန့် တောင်ကုန်းထက်မာ တည်ထားကိုး ကွယ်ထားဘာရေ။ ဒေဘုရားမာ နှစ်တိုင်း ၀ါကျွတ်လတွင် ဘုရားပွဲကျင်းပရေလို့ သိရဘာရေ။ ယင်းဘုရားကုန်း ထက် ပင်လယ်က တိုက်ခတ်လာရေ လီတ၀ီဝီချေတိကို ခံစားနိုင်ဘာရေ။ ယင်းကုန်းက ကြည့်လိုက်ကေ ကြည် လင်လှပရေ ပင်လယ်ပြင်ကို မြင်တိရဘာရေ။ လောင်းတိ ရွက်တိုက်ပနာ ကိုယ်လိုရာခရီးကို လားနီကတ်စွာ ကိုလဲသော့ မြင်ရဘာရေ။ ရွက်မပါရေ ဘုတ်တိကလဲ ထိုနည်းလကောင်း လိုရာခရီးကို မောင်းနီကတ်ဘာရေ။ တောင်ကုန်းတခြားတဖက်မာ စစ်တပ်ပိုင်မြီတိ။ ဟင်းခြင်းတိကိုလဲမြင်ရဘာရေ။ ယင်းဘုရားကနီပနာ ကျောက် ဖြူမြို့ကို ပြန်လာကတ်ဘာရေ။
နောက်တရက်နိန့်မာ သငယ်ချင်းနန့် ကျောက်ဖြူ ရှုခင်းသာကို လားကတ်ဘာရေ။ ရှုခင်းသာမာ ပင်လယ်လီကို ရှုဖို့ ၁၊နာရီ၊ ၂နာရီလောက် အချိန်ဖြုန်းခကတ်ဘာရေ။ ပင်လယ်ဖက်ကို မျက်နှာမူဘနာ သငယ်ချင်းနှစ်ယောက် စကားချေတိကို ပြောဖြစ်ခဘာရေ။ ရခိုင်ပြည် သံယံဇာတပေါကြွယ်ဝရေအကြောင်း၊ သဘာဝဓါတ်ငွိ့ ထွက်တေ အကြောင်း၊ ယင်းဓါတ်ငွိ့ကို ဒေးဝူးကုမ်ပဏီက တူးဖော်ဖို့ပြင်နီရေအကြောင်း၊ ဓါတ်ငွိ့ဒင်မက ရွှေဖြူဘာ ထွက် တေအကြောင်း စရေစရေ အကြောင်းတိကို သငယ်ချင်းနှစ်ယောက်ထိုင်ပနာ ပြောဖြစ်ခကတ်ဘာရေ။ ရခိုင်ပြည် မြောက်ဦးမြို့နယ်မာ ရီတွင်းတူးစွာကတောင် ဓါတ်ငွိ့ထွက်တေအကြောင်းပြောဖြစ်ခကတ်ဘာရေ။ ဒေလောက် သံယံဇာတပေါကြွယ်ဝရေ ရခိုင်ပြည်မာ ရခိုင်သူ၊သားတိ ဆင်းရဲနီရရေအကြောင်းတိလဲပါဘာရေ။ တကယ်လို့ ရာ ရခိုင်ပြည်သူ၊သားတိက ဒေသံယံဇာတတိကို ပိုင်ဆိုင်ခွင့်ရကတ်ဖို့ဆိုကေ မတ်ရို့ငါ့ရို့အဂုထိုင်နီရေ ပင်လယ် ကမ်းနားမာ အများပြည်သူတိ အပန်းဖြေပနာ စည်ကားလို့ဟိန့်လီဖို့။ အဂုဂါးဒေနီရာမာ ခြောက်ပနာ လူလဲမ ဟိန့်၊ သျှင်လဲမဟိန့်ဖြစ်နီရေ။ ပြည်သူပြည်သားတိ ဆင်းရဲနီကတ်တေခါ အပန်းဖြေဖို့မပြောကေ့ တနပ်စား ဖို့စွာကို မနည်းရုန်းကန်နီကတ်ရရေ။ ယေနန့်ဇု ဒေပိုင် ပင်လယ်ကမ်းနားတိကို ဇာပိုင်ရောက်နိုင်ဖို့ရောင် ပြောကတ်ယင်း နာရီစကေချေလောက်ကို ပင်လယ်လီနန့်အတူ သုံးဖြုန်းပနာ အိမ်ကိုပြန်လာကတ်ဘာရေ။ နောက်တနိမာ မလိခနန့် အပြန်ခရီးကို လိုက်ပါလတ်တေ။
မှတ်ချက်၊ ကျောက်ဖြူသို့၂၀၀၅ခုနှစ်က လားခီစွာကို Diary စာအုပ်မာရွီးထားစွာကို ပြန်ပနာဖော်ပြလိုက်စွာဘာ။
Pataglo(2/11/2010)

Friday, February 5, 2010
တရားမ၀င်ပဇွန်မွီးမြူရီး
တရားမ၀င်ပဇွန်မွီးမြူရီးဆိုစွာ အစခါ အကျွန်လဲသော့ နားမလည်ပါ။ ဇာကြောင့်လဲဆိုကေ ပဇွန်ကန်လုပ်တေ လူတိုင်း မြို့နယ်သက်ဆိုင်ရာအာဏာပိုင်တိဘားက ခွင့်ပြုချက်နန့် ပဇွန်မွီးမြူရီးလုပ်နီကတ်တေအတွက်ကြောင့် ဖြစ်ပါရေ။ ယင်းပိုင်ဆိုကေ ဇာချင်းကို တရားမ၀င်ပဇွန်မွီးမြူရီး လို့ခေါ်ပါရေလဲ။ စကေ့ချေလောက် လိလာကြည့် မိပါရေ။ ၁၉၇၀ ၀န်းကျင်လောက်က ကမ္ဘာ့ဘဏ်အကူအညီနန့် ရခိုင်ပြည်မာ လယ်ယာစိုက်ပျိုးရီးလုပ်ငန်းတိ ဖော်ထုတ်ခပါရေ။ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ် အပြင်တခြားမြို့နယ်တိမာလဲသော့ လယ်ယာစိုက်ပျိုးရီး စီမံကိန်းကို အာဏာရူးနေ၀င်းက ပြုလုပ်ခဘာရေ။ ယင်းလယ်မြီတိရေ အဂုအချိန်ထိ လယ်မြီအဖြစ်တည် ဟိန့်နီပါသိမ့်ရေ။ ပြောရဖို့ဆိုကေ လယ်ယာစိုက်ပျိုးရီးနန့် ဆည်မြောင်းဌာနမာ လယ်စရင်းပေါက်ဗြီးသားဘာ။ တချို့လယ်မြီကို ထွန်ယက်စိုက်ပျိုးခြင်းမပြုကတ်ပါယာ။ အကြောင်းက သဘာဝဘေးဆိုးတိကြောင့် လယ်မ လုပ်နိုင်ကတ်ပါ။ ဥပမာ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရီမြှုပ်တေခါ လယ်ယာမြီတိပျက်စီးလားပါရေ။ ယင်းချင့်ကို တချို့ လယ်လုပ်ကတ်သိမ်းရေ။ တချို့က ဝေးသထားကတ်တေ။ ဝေးသထားရေ လယ်မြီတိမာ သဘာဝ အလျောက် ပြားတောတိက ပြန်ပနာရှင်သန်ပေါက်ရောက်ကြီးထွားဗြီးကေ တောဖြစ်နီဘာရေ။ ပဇွန်မွီးမြူရီး ကြောင့် နဂိုက ဟိန့်နီရေ ပြားတောဒင်မကနန့် အသစ်ပေါက်ရောက်နီရေပြားတောတိဘာ ပြုန်းတီးလားခရ ပါရေ။
၁၉၉၂-၁၉၉၃ နောက်ပိုင်းလောက်မာ မြေပုံမြို့နယ်မာ ပဇွန်မွီးမြူရီးခေတ်ထလာဘာရေ။ ယေခါ ပဇွန်မွီး မြူရေလူတိက ငမန်းရဲကျွန်းမာပုန်းဆိုးထနီရေ လယ်မြီတိကို ပဇွန်ကန်လုပ်ပလိုက်ကတ်တေ။ သက်ဆိုင်ရာ အာဏာပိုင်တိကလဲ မသိကျိုးကျွန်ပြုပနာ လာတ်စားဗြီးကေ လယ်မြီအဖြစ်က ပဇွန်ကန်အဖြစ်ပြုလုပ်ပလိုက် ကတ်တေပါရေ။ ရိုးသားရေ လယ်သမားတိကို လိမ်စားစွာဘာချင့်။ လယ်သမားနန့်ပဇွန်မွီးရေလူတိကြားမာ ဖြစ်နီရေ အဓိကပြဿနာ တရပ်ဖြစ်ဘာရေ။ လယ်မြီအဖြစ်က ပဇွန်ကန်အဖြစ် ပြောင်းလုပ်ပလိုက်စွာကို တရားမ၀င် ပဇွန်မွီးမြူရီးလို့ပြောဘာရေ။ လယ်မြီမာ ပုဇွန်မွီးထားရေအတွက်ကြောင့် တရားမ၀င်လို့ ပြောဘာ ရေ။ ယင်းပိုင်ပဇွန်ကန်အဖြစ် ပြောင်းပလိုက်တေ လယ်မြီတိရေ အဂုထက်ထိ လယ်ယာစိုက်ပျိုးရီးနန့် ဆည် မြောင်းဌာနမာ လယ်မြီအဖြစ် စရင်းပေါက်လျက်ဟိန့်နီပါသိမ်းရေ။ လယ်လုပ်လို့ စပါးအထွက်မကောင်းကေ ပဇွန်ကန်လုပ်ပလိုက်ကတ်ပါရေ။ ဒေချင့်ရေ တရားမ၀င်ဘာ။ ဒေပိုင်ဖြစ်နီစွာက ရခိုင်ပြည်အနှံ့မာဖြစ်နီရေ ပြဿနာတခုဘာ။
ပဇွန်မွီးဖို့ဆိုကေ လ/န (၃၉)နန့် မြီလွတ်မြီရိုင်းတိကို လျှောက်ရပါရေ။ အောက်ပါဇယားကိုကြည့်ပါ။ ၂၀၀၂-၂၀၀၃ခုနှစ် ရခိုင်ပြည်အတွင်း ရီငန်ပဇွန်ကန်နန့်ပတ်သက်ရေ လ/န(၃၉))နန့် မြီလွတ်မြီရိုင်း လျှောက်ထားမှုအခြီအနီ
စိုင် မြို့အမည် မြီပြင်ဧရိယာ ခွင့်ပြုချက်ရထားရေဧက စုစုပေါင်းဧက
လ/န ၃၉ (ဧက)၊ မြီလွတ်မြီရိုင်းဧက
၁။ စစ်တွေ ၅၆၀၂ ၅၀၂.၂၁၊ ၁၂၁.၀၁ ၆၂၃.၂၂
၂။ ပေါက်တော ၃၁၉၁၃ - ၅၀၀.၅၀ ၅၀၀.၅၀
၃။ ရသေ့တောင် ၁၄၇၂၅ ၁၆၇.၇၈ ၃၆၆၇.၃၇ ၃၈၃၅.၁၅
၎။ ပုဏ်ဏားကျွန်း ၁၀၉၅၃ - ၃၃၆.၀၅ ၃၃၆.၀၅
၅။ ကျောက်တော် - - - -
၆။ မြေပုံ ၂၄၆၅၇ ၃၁.၅၀ ၆၀၀.၄၁ ၆၃၁.၉၁
၇။ မင်းပြား ၆၂၅၅ - - -
၈။ မြောက်ဦး ၅၈၁ - - -
၉။ မောင်တော ၁၅၃၀၂ ၂၁၃၆.၄၇ - ၂၁၃၆.၄၇
၁၀။ ဘူးသီးတောင် - - - -
၁၁။ သံတွဲ ၇၄၄ ၉၀၀.၅၃ - ၉၀၀.၅၃
၁၂။ တောင်ကုတ် ၁၀၁၉၉ - - -
၁၃။ ဂွ ၂၃၈ ၄၀၅.၆၅ - ၄၀၅.၆၅
၁၄။ ကျောက်ဖြူ ၁၈၀၁၈ ၅၈၈.၅၀ ၂၁၈၀.၂၁ ၂၇၆၈.၇၁
၁၅။ ရမ်းဗြဲ ၅၉၃၉ - ၉၀.၀၀ ၉၀.၀၀
၁၆။ မာန်အောင် ၅၇၈ - - -
၁၇။ အမ်း ၉၈၂၉ - - -
စုစုပေါင်း ၁၅၅၅၃၃ ၄၇၃၂.၆၄ ၇၄၉၅.၅၅ ၁၂၂၂၈.၁၉
Pataglo(2/5/2010)

Thursday, February 4, 2010
ပြားတော သစ်မျိုးတိ အသီးမှည့်ချိန် သင့်တော်ရေ စိုက်ပျိုးနည်းစနစ်နန့် စိုက်ပျိုးရန်နီရာတိ
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစိုင် ကထုတ်ဝေရေ "စားနပ်ရိက္ခာဖူလုံဖို့ ဒီရေတောများ ထိန်းကြစို့" ဆိုရေ စာအုပ် က ကောက်နုတ်ဖော်ပြလိုက်ပါရေ။ ကြိုတင်ခွင့်ပြုချက် မတောင်းခဘဲနန့် ဖော်ပြလိုက်ရရေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုး မှုအစီအစိုင်ကို အနုအညွတ်တောင်းပန်အပ်ပါရေ။
ရခိုင်ပြည်ဟိန့် ပြားတောတိ ပြုန်းတီးလားခရေနီရာတိမာ လက်တွိကျကျ စိုက်ပျိုးဖို့အတွက် မျှဝီပီးလိုက်ပါရေ။
နံပါတ်စိုင်၊ သစ်မျိုးနာမေ၊ အသီးမှည့်ချိန်၊ စိုက်ပျိုးနည်းစနစ်၊ သင့်တော်ရေနီရာတိ၊
၁။ ဗြူးခြေထောက် (ဖို) မတ် မှ မေ သစ်စိတိုက်ရိုက် နိမ့်
၂။ ဗြူးခြေထောက်(မ) မတ် မှ မေ တိုက်ရိုက် နိမ့်
၃။ ဗြူးအုပ်ဆောင်း တနှစ်လုံး တိုက်ရိုက် နိမ့်၊ လတ်
၎။ ၀ါးကြိတ်လိမ် ဇူလိုင်-သြဂက်စ် တိုက်ရိုက် နိမ့်၊ လတ်
၅။ နှံဗြူး ဇွန်- ဇူလိုင် တိုက်ရိုက် နိမ့်၊ လတ်
၆။ ဗြူးကြက်တက် (ခ)
ဗြူးရွှေဝါ မတ်- ဧပြီ တိုက်ရိုက် နိမ့်၊ လတ်
၇။ မဒမ ဇွန်-ဇူလိုင် တိုက်ရိုက် လတ်
၈။ မဒမမျော (ခ)
ပင်လယ်ရှား မတ်-ဧပြီ တိုက်ရိုက် လတ်
၉။ ဗြူးဗိုင့်တောင့် မတ်-မေ တိုက်ရိုက် နိမ့်
၁၀။ သမဲ့ကြီး သြဂက်စ်-စက်တင်ဘာ တိုက်ရိုက်၊ ပျိုးအိတ် နိမ့်၊လတ်၊မြင့်
၁၁။ သမဲ့ကြက်တက် သြဂက်စ်-စက်တင်ဘာ တိုက်ရိုက်၊ ပျိုးအိတ် နိမ့်၊ လတ်
၁၂။ သမဲ့ဖြူ သြဂက်စ်-စက်တင်ဘာ တိုက်ရိုက်၊ ပျိုးအိတ် နိမ့်၊ လတ်
၁၃။ လမု ဇူလိုင်- သြဂက်စ် ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၄။ လဘ မတ်-ဧပြီ ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၅။ လမုတသတ် ဇူလိုင်-သြဂက်စ် ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၆။ ကန့်ပလာ ဇူလိုင်-သြဂက်စ် ပျိုးထောင်မြေလုံးမဲ့ နိမ့်
၁၇။ ကနစို ဇူလိုင်-သြဂက်စ် တိုက်ရိုက်၊ပျိုးအိတ်၊ကိုင်း လတ်၊ မြင့်
၁၈။ ကုန်းကနစို ဖေဖေါ်ဝါရီ-မတ် ပျိုးထောင်မြေလုံးမဲ့၊ပျိုးအိတ်၊ကိုင်း လတ်၊ မြင့်
၁၉။ သရော စက်တင်ဘာ ပျိုးထောင်မြေလုံးမဲ့၊ပျိုးအိတ်၊ကိုင်း လတ်၊ မြင့်
၂၀။ မြင်းက မတ်-ဧပြီ ပျိုးအိတ် လတ်၊မြင့်
မှတ်ချက်၊ ရခိုင်ဒေသ သစ်အခေါ်အဝေါ်တိ တချို့ ကွာနီပါရေ။
Pataglo(2/4/2010)

Tuesday, February 2, 2010
လူတယောက်အတွက် ပျှဉ်းမျှ သစ်ပင်လိုအပ်ချက်
ရခိုင်ပြည်ဟိန့် သစ်တောတိ၊ ပြားတောတိ ပြုန်းတီးရခြင်းအကြောင်းရေ ထင်းထုတ်လုပ်မှု၊ ထင်းသုံးစွဲမှု တိ ကြောင့်လဲ ပြုန်းတီးလားပါရေ။ ထူထပ်ပေါက်ရောက်နီရေ သစ်ပင်တိကို မဆင်မခြင်ခွတ်ပလိုက်လို့ဖြစ်ပါသည်။ ယပြီးကေ ပြန်လို့ သစ်ပင်စိုက်တေဆိုစွာ မဟိန့်ပါ။ ယင်းကြောင့် ရခိုင်ပြည်ဟိန့် သစ်တောတိ၊ ပြားတောတိရေ တရက်ထက်တရက်ပြုန်းတီးလျက်ဟိန့်ပါသည်။ ရခိုင်ပြည် တောရွာတိမာ နီထိုင်ကတ်တေလူထုရေ လျှပ်စစ် ဓါတ်အား လုံးဝမဟိန့်သဖြင့် ထင်းကို လုံးဝအားထားသုံးစွဲကတ်ရပါရေ။ အစားအသောက် ချက်ပြုတ်ရန်နန့် အိမ်အသုံးအဆောင်အတွက် တောရွာမာနီရေ လူတယောက်အတွက် တနှစ်စာ လုံးပတ် လက်ကျိုင်းပိုင်သစ်ပင် (ရင်စို့လုံးပတ် ၇.၅'') အပင် (၁၀၀) ခန့် လိုအပ်ပါရေ။
လူတယောက် တနှစ်အတွက် လိုအပ်ရေ သစ်ပင် (၁၀၀)ပင်။
ယင်းကြောင့်
အသက် ၃၀ ဟိန့်ရေ လူတယောက်အတွက် သုံးစွဲခရေသစ်ပင် (၃၀၀၀)ပင်။
အသက် ၅၀ ဟိန့်ရေ လူတယောက်အတွက် သုံးစွဲခရေသစ်ပင် (၅၀၀၀)ပင်။
အသက် ၆၀ ဟိန့်ရေ လူတယောက်အတွက် သုံးစွဲခရေသစ်ပင် (၆၀၀၀)ပင်။
သင် အသက်ဇာလောက်ဟိန့်ယာလဲ?---------------------
သင့်အတွက် ဒေနိန့်ထိ သစ်ပင် ဇာလောက်ထိ သုံးစွဲခပါယာလဲ?-----------------
သင် သစ်ပင် ဇာနှစ်ပင် စိုက်ခပါယာလဲ?------------------
သင်က ပြန်စိုက်ရဖို့ သစ်ပင် ဇာနှစ်ပင်ကျန်ပါသိမ်းလဲ?--------------------
ကိုယ်စွာကို တွက်ကြည့်လီကတ်ပါဖိ။
ရခိုင်ပြည်ဟိန့် သစ်တောတိကို ၀ိုင်းဝန်းထိမ်းသိမ်းနိုင်ကတ်ပါစီ။
Pataglo (2/2/2010)

Saturday, January 30, 2010
ပြားတောက ရဟြိသော အကျိုးကျေးဇူးတိ
ပြားတောနန့်သတ်သက်လို့ ဗဟုသုတတိကို မျှဝီခြင်းဖြစ်ပါရေ။ ပြားတောနန့်ပတ်သက်လို့ အကျွန်ထက် သိတတ်နားလည်လူတိအများကြီး ဟိန့်လီဖို့ဆိုစွာ အကျွန်ယုံကြည်ပါရေ။ အမှားပါကေ စေတနာနန့် ထောက်ပြပီးကတ်ပါလို့ မိတ္တာရပ်ခံပါရေ။
ပြားတောနန့်ပတ်သက်လို့
တိုင်းတာလို့ရရေ အကျိုးကျေးဇူးတိနန့် တိုင်းတာလို့မရရေအကျိုးကျေးဇူးတိ ဆိုပနာ နှစ်မျိုးခွဲခြားလို့ရပါရေ။
တိုင်းတာလို့ရရေ အကျိုးကျေးဇူးတိ
(၁) သစ်တောထွက်ပစ္စည်း (သစ်၊ တိုင်၊ မျော၊ မီးသွီး၊ ထင်း)
(၂) သစ်တောထွက်ပစ္စည်း အသေးအဖွဲချေတိ (အုန်း၊ကြိမ်၊ဖျာ၊ မြက်ဘယဆီး၊ပျားရည်၊ ဆိုးဆီ)
(၃) ပြားတော သစ်မျိုးတချို့ရို့ အရွက်တိကို ကျွဲ၊နွား အစာအဖြစ် ကျွေးမွေးနိုင်ပါရေ။
တိုင်းတာလို့မရရေ အကျိုးကျေးဇူးတိ
(၁) ပင်လယ်လှိုင်းဒါဏ်ကာကွယ်ခြင်း၊
(၂) လီပြင်းမုန်တိုင်း၊ ဆိုင်ကလုန်း၊ ရာဟုလီ စရေ ဒါဏ် ကာကွယ်ခြင်း၊ (ပြားတောတိ ဟိန့်ခြင်းဖြင့် လီပြင်းမုန်တိုင်း ဒါဏ် ကို သက်သာစီပါရေ)
(၃) ပြားတောတိအတွင်း ကျုပ်နစ်(နှုံး)တိပို့ချခြင်းဖြင့် မြစ်၊ချောင်းတိအတွင်း သဲသောင်ပြင် ဖြစ်ထွန်းမှု ကို လျော့နည်းစီခြင်း။
(၄) မြစ်ကြောင်းနန့် ပင်လယ်ကမ်းခြေတည်ငြိမ်မှုကို ဖြစ်ပေါ်စီခြင်း။
(၅) ပြားတော သစ်ပင်တိ အရွက်၊အမြစ်၊ သစ်ကိုင်း၊ အခေါက်ဆွီးအပိုင်းအစတိရေ ငါး၊ပဇွန် အစဟိရေ ရီနီ သတ္တ၀ါတိအတွက် ပေါင်းပွားရာ၊ နားခိုရာနန့် အဓိက အစာအဟာရအဖြစ်ထောက်ပံ့ပီးရေ နီရာဖြစ်ခြင်း ( ပြားတော တဧက က တနှစ်မာ ငါး၊ ပဇွန်တိအတွက် အစာအဖြစ် မက်ထရစ် (၈)တန်ခန့် ပြောင်းလဲကြောင်း သိဟိန့်ရပါရေ။
(၆) ကမ်းပါးပြိုတိုက်စားခြင်းကို ကာကွယ်ခြင်း။
(၇) ဆောင်းခိုငှက်တိအပါအ၀င် တောရိုင်းတိရိစ္ဆာန်တိ ကျက်စားရာ ဒေသဖြစ်ခြင်း။
(၈) ပြားတော သဘာဝဂေဟ (Mangrove Ecosystem) ဆိုင်ရာ ပိုင်ညာရပ်များကို လေ့လာခြင်းနန့် သုတေသနပြုလုပ်ခြင်း။
(၉) အပန်းဖြေခြင်းနန့် သဘာဝအခြေခံ ခရီးလားလုပ်ငန်းတိ ဆောင်ရွက်နိုင်ခြင်း တိ ဖြစ်ပါရေ။
Pataglo (1/28/2010)

Decreasing of Mangrove forests in Arakan coastal region
Mangrove forest is life of Arakan coastal ecosystem in western of Burma. There are 414477.86 acres of mangrove forests in Arakan. A mangrove forest is third biggest forest in Arakan state. At the present, mangrove forests are decreased by shrimp farming production and firewood production for urban population. One of main reason is shrimp farming production it's made to deforest to mangrove trees in Arakan.
The traditional shrimp farming culture system is popular in Arakan. There was dominated by 97% of culture area. Shrimp farming system in Arakan state used huge area of mangrove forests. The shrimp farming were cut down a lot of mangrove trees in Myebon Township in Arakan state.
Most of people are interested to do shrimp farming production. They have been built the ponds in the mangrove forests area in Arakan it was increasing rapidly. According to local shrimp farmer estimate that the shrimp farming area in Arakan is 160,000 acres in 2004-2005. The government limited 120,000 acres for shrimp farming production when the government started to policy of shrimp farming in Arakan since 1994-95. The government couldn't control to increasing of shrimp farming.
Myebon Township in Arakan has been covered by shrimp farming to mangrove forests with 14000 acres. Decreasing of mangrove forests is negative impact on mangrove ecosystem and livelihood of local people because there are depending on the mangrove forests.
In Myebon township majority local people are farmers and fishermen. They depend on mangrove forests and creek and rivers for their survival. 8300 acres of farmland area are changed by shrimp ponds illegally. There is big problem between shrimp farmers and agricultural farmers for using land. If shrimp farmers argued for land using with farmers, army or authorities of township level keep the ponds or farmlands by force. There is one of example in Myebon Township.
By Khaing Win Shwe

Shrimp Farming, Mangrove Forests and Livelihood of Local People in Arakan State
Report Summary
Title of Report: : Shrimp Farming, Mangrove Forests and Livelihood of Local People in Arakan State
Arakan state is the main area of industrial shrimp farming in Burma. In the past decade, the mangrove forests in the coastal areas in Arakan(Rakhine) state have been decreasing. This decrease has been due to shrimp farming, firewood production and land reclamation.
in the entire state, dense mangrove forests are being destroyed due to the inefficiency of the government forestry department. Mangrove forests are in danger of extinction. The destruction of mangrove forests also has an impact on biodiversity. Wildlife is living without protection in the coastal region. Nobody protects them with conservation, resulting in extinction.
During early 2005 several businessmen, farmers and people connected to industrial shrimp farming were interviewed.
A shrimp farmer from Ranegree village said, "We want to maintain, and prevent our natural resources but they have been invaded, this situation has changed over time. Because we are no officers of the government and we have no power."
In conclusion to these interviews and research it became apparent that:
Current implementation of the shrimp farming policy causes a very wide gap between the rural people and the shrimp farming business.
Rural people need to protect their natural resources with traditional knowledge.
Rural people have no authority to conserve the mangrove forests.
SPDC are not protecting the mangrove forests.

Subscribe to:
Posts (Atom)